M29 mortar

မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
M29
အမျိုးအစားInfantry mortar
မူလထုတ်လုပ်ရာUnited States
သုံးစွဲမှု မှတ်တမ်း
တာဝန်ထမ်းချိန်1952–present
အသုံးပြုသူSee Users
စစ်ပွဲများKorean War
Vietnam War
Laotian Civil War
Cambodian Civil War
Lebanese Civil War
Salvadoran Civil War
အသေးစိတ်အချက်အလက်
အလေးချိန်၂၃.၄ ကီလိုဂရမ် (၅၂ ပေါင်) (M5 mount) ၉.၃ ကီလိုဂရမ် (၂၁ ပေါင်) (M1 mount)

Feed systemmanual

M29 သည် အမေရိကန်ထုတ် ၈၁ မီလီမီတာ မော်တာဖြစ်သည်။ ၁၉၅၂ ခုနှစ် အမေရိကန်စစ်တပ်တွင် M1 မော်တာအစား ပိုမိုပေါ့ပါးပြီး အကွာအဝေးပိုရောက်ရှိပစ်ခတ်နိုင်သော ၈၁ မီလီမီတာမော်တာအား အစားထိုးရန် စတင်ခဲ့သည်။ ၎င်းကို ၁၉၈၇ ခုနှစ်တွင် M252 မော်တာဖြင့် နောက်ပိုင်းတွင် အစားထိုးခဲ့သည်။ မူကွဲများတွင် M29E1 နှင့် M29A1 တို့ကို ၁၉၆၄ ခုနှစ်တွင် လက်ခံအသုံးပြုခဲ့သည်။ ၎င်းတို့ကို စည်သက်တမ်းကြာရှည်စေရန်နှင့် သန့်ရှင်းရေးလုပ်ရလွယ်ကူစေရန် ဟာ့ဒ်ခရမ်ပြားများဖြင့် ထုတ်လုပ်ထားသည်။ ပထမတစ်မိနစ်အတွက် အကြိမ် ၃၀ နှင့် နောက်ထပ်တစ်မိနစ်လျှင် ၄ မှ ၁၂ ကြိမ်ထိပစ်ခတ်နိုင်ပြီး အကွာအဝေးကိုက် ၅,၁၄၀အထိ ရောက်ရှိပစ်ခတ်နိုင်သည်။ ၈၁ မမ စိန်ပြောင်းအဖွဲ့အား ပုံမှန်အားဖြင့် အဖွဲ့ခေါင်းဆောင် (squard leader)၊ ပစ်ခတ်သူ (gunner)၊ လက်ထောက်ပစ်ခတ်သူ (assistant gunner)၊ ကျည်ပြင်ဆင်သူ (ammunition bearer) (၂)ဦး ၊ စုစုပေါင်း (၅) ဦးနှင့်ဖွဲ့စည်းထားပါသည်။

၈၁ မီလီမီတာ စိန်ပြောင်းဟာသည် ခြေလျင်တပ်ရင်းများ (Infantry Units) ၊ စစ်ကြောင်းများ (Columns) ရဲ့ တိုက်စစ် (Offensive) ၊ ခံစစ် (Defensive) နှစ်မျိူးလုံးမှာထိရောက်စွာပစ်ကူ (Supporting Fire) ပေးနိူင်သော ၊ ခြေလျင်တပ်သုံးပစ်ကူပေးလက်နက်ကြီး (Infantry Weapon) အမျိူးအစားဖြစ်ပါသည်။

၈၁ မမ စိန်ပြောင်းသည် သွယ်ဝိုက်ပစ်ခတ်ရသောလက်နက် (Indirect Fire Weapon) အမျိူ းအစားဖြစ်ပါသည်။ ပစ်မှတ်ကိုတိုက်ရိုက် ထိမှန်အောင် ပစ်ခတ်ခြင်းကိုအဓိကမထားဘဲ၊ ပစ်မှတ်အနီး ကျည်ကျရောက်ပေါက်ကွဲစေကာ ကျည်ကွဲစ (splinter) ပြန့်လွင့်မူ့ ကျယ်ပြန့်ခြင်းဖြင့် ပစ်မှတ်ကိုထိခိုက်ပျက်ဆီးစေသော (Area gun) စနစ်ဖြစ်ပါသည်။

၈၁ မမသည် ကျည်ပျံသန်းမူ့အလျင်နည်းခြင်း၊ ကျည်သွားလမ်းခုံးခြင်း(High-arcing) ၊ နောက်ကန်အားကိုပြန်လည်သက်ရောက်စေသော၊ပြောင်းဝမှကျည်ထိုးရသော(muzzle loading) စနစ်ကိုအသုံးပြုထားခြင်း၊စသည့်အချက်များရှိသည့် တာတိုပစ်၊ ပြောင်းချော(smooth bore) အမျိူးအစားဖြစ်ပါသည်။

၈၁ မမသည် ကြိုတင်ချေမူန်းခြင်း (beforehanding )၊ ကာပစ်ပစ်ခတ်ခြင်း(covering)၊ ဦးနှိမ်ပစ်ခတ်ခြင်း (defeating)၊ ပိုင်းဖြတ်ပစ်ခတ်ခြင်း (dividing & cutting)၊ မိုင်းကာချပစ်ခတ်ခြင်းနှင့် အလင်းရောင်ပေးပစ်ခတ်နိူင်ခြင်းစတဲ့စွမ်းရည်ရှိသောလက်နက်ဖြစ်ပါသည်။ ၎င်းအပြင် အကာအကွယ်၊ အတားအဆီးတွေ၊ ဆက်သွယ်ရေးမြောင်းတွေနှင့် ပင်ကူ အိမ်ပစ်ကျင်း(spider hole) တွေထဲမှာရှိတဲ့ရန်သူတွေကို မြင့်မားတဲ့ကျည်ပျံသန်းမူ့ပုံစံနဲ့ပျံသန်းကာ သတ်မှတ်ဧရိယာရောက်ရှိပါက ဗုံးသီးဟာ ပစ်မှတ်အနီးအနားကိုမြေပြင်ဆွဲအားနဲ့ ဒေါင်လိုက်ကျဆင်းပေါက်ကွဲပြီး၊ ရန်သူကိုထိခိုက်ပျက်ဆီးစေပါသည်။

၈၁ မမသည် မည်သည့်မြေအနေအထားတွင်မဆို ပြောင်းရွှေ့သယ်ဆောင်နိူင်ခြင်း၊ အကာအကွယ်နှင့် ပစ်ကျင်းများအတွင်းမှပစ်ခတ်နိူင်ခြင်း၊ အနိမ့်မှ အမြင့်သို့ပစ်ခတ်နိူင်ခြင်း စသည့်စွမ်းရည်များလည်းရှိပါသည်။ သွယ်ဝိုက်ပစ်လက်နက်အမျိူးအစားဖြစ်သောကြောင့် စစ်နည်းဗျူဟာအရ ရှေ့ပိုင်းမှာတပ်ဖြန့်ထားတဲ့ ခြေလျင်တပ်မူးများက ကျည်ကျချက်တိုင်းမှတ်သူ (forward observers) အဖြစ်ဆောင်ရွက်ကာ ကျည်ကျပြင်ဆင်ချက် (spotting correction)ကိုပေးရသော်လည်း တစ်ခါတစ်ရံ မျက်မြင်ပစ်ခတ်မူ့များ ပြုလုပ်ရသည့်အခါ ပစ်မိန့်ပေးမှလိုအပ်သလို အတင်/ အချပြု လုပ်နိူင်ပါသည်။

၈၁ မမစိန်ပြောင်းကို အောက်ပါအပိုင်း(၄) ပိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ထားပါသည် - (၁) ပြောင်းပိုင်းမှာတော့ ပြောင်းချော(smooth bore) အမျိူးအစားပြောင်းကို ကျည်ရိုက်တံအသေတပ်ဆင်ထားတဲ့ ပြောင်းထိုင်ဘုအိမ် (socket housing) ကို အရစ်စနစ် (screw)ဖြင့် ဆက်စပ်တပ်ဆင်ထားပါသည်။

(၂) အောက်ခံခုံ(base plate)၊ အလယ်တွင် ပြောင်းထိုင်ဘုအံကျ တပ်ဆင်နိူင်မယ့် အံခွက် (cushion) ပါရှိပါသည်။

(၃) နှစ်ချောင်းထောက် (bipod) အပိုင်းတွင်မတော့ နှစ်ချောင်းထောက်နှစ်ခု ဆက်စပ်တဲ့ အလယ်ဗဟိုတွင် ပြောင်းနိမ့်/မြင့် (elevating) ပြုလုပ်နိူင်သောကိရိယာအုံ ၊ ၎င်းအထက်တွင် ဘယ်/ညာ ထိန်းညှိနိူင်သော ဝန်ရိုးလှည့်ဘီး၊ ၎င်းအထက်တွင် ပြောင်းအားထမ်းထားရသော (yoke ) နှင့် ပြောင်းနှင့်နှစ်ချောင်းထောက်ဆက်စပ်ပေးသော ပတာစနစ်ဖြင့်ပြုလုပ်ထားသော ပြောင်းလည်စည်းဂွင်း (belt) အား အဖွင့်အပိတ်နှင့် အလျော့အတင်းပြုလုပ်နိူင်အောင် ဝက်အူရစ်စနစ်ဖြင့်တပ်ဆင်ပေးထားပါသည်။

(၄) ချိန်စက်ပိုင်းမှာတော့ အလင်းရောင်ပေး(illumation) စနစ်ဆံချည်မျှင် မျဉ်းစနစ်တပ်ဆင်ထားတဲ့ ၆၀၀၀/၆၃၀၀ မေးလ်(M/)စနစ်ချိန်စက်နဲ့ ရေချိန်ပြွန် (water-level) ပါဝင်ပါသည်။

၈၁ မမ စိန်ပြောင်းပြောင်းအစိတ်အပိုင်းအားလုံးသည် မာကျောပြီးအပူဒဏ်ခံနိူင်သော ခရိုမီယမ် (chrome) နှင့် နီကယ်(nikel)ရောစပ်ထားသောစတီးလ်(steel)နှင့်တည်ဆောက်ထားပါသည်။ကျန်အစိတ်အပိုင်းများအနေဖြင့် မြင့်မားသောကာဗွန်အရည်သွေးရှိ စတီးနှင့်တည်ဆောက်ထားပါသည်။ ချိန့်စက်အသုံးပြုတဲ့စနစ်ဟုဆိုရာတွင် ပြင်ပပစ်မှတ်ချိန်တိုင်ကိုချိန်ရွယ်တဲ့ Targeting pole position စနစ်ဘဲဖြစ်ပါသည်။

၈၁ မမပစ်ခတ်ရန်အတွက် အောက်ခံခုံကို မြေပြင်တွင်နေရာမှန်ကန်စွာ အရင်ချပြီး ပြောင်းနှင့် ပြောင်းထိုင်ခွက်တို့အံကျဆက်စပ်ကာ နှစ်ချောင်းထောက်နှင့် ထပ်မံဆက်စပ်ရပါသည်။ ပုံမှန်အားဖြင့် ပြောင်းသည် မြေပြင်မှ ၄၀° နှင့် ၈၅° ကြားရှိရပြီး ၊ ပစ်ခတ်မည့်ပစ်မှတ်နှင့် ပြောင်းကျောရိုး တစ်ဖြောင့်တည်းထားရှိပါသည်။ ၎င်းနောက် မိမိသေနတ်နေရာ (gun position) ၊ ပစ်မှတ်နေရာ (target position) များကိုရွေးချယ်ပြီး၊ရေချိန်သွင်းခြင်း၊ပစ်ခတ်ခြင်းလုပ်ငန်းစဉ်များကိုဆောင်ရွက်ရပါသည်။

ကျည်သွားလမ်းမြင့်သောလက်နက်ဖြစ်ပြီး အသုံးပြုဗုံးသီးများတွင် ပြောင်းက ထွက်သည်နှင့် နောက်တွန်းကန်အား သက်ရောက်ကာ ထိကွဲစနက်များတပ်ဆင်ထားသောကြောင့် ကျည်သွားလမ်းကြောင်းတွင် သစ်ကိုင်း၊သစ်ခက်စသည့် ဗုံးသီးအားထိခိုက်စေမည့်နေရာမျိူးမှ ပစ်ခတ်မူ့မပြုလုပ်သင့်သောအမျိူးအစားဖြစ်ပါသည်။ ၎င်းအပြင် ပြောင်းလည်စည်းကွင်းအားတင်းကျပ်လွန်းခြင်း၊ အောက်ခံခုံအထိုင်မကျမှီ အမြန်ပစ် (သို့)ထိရောက်ပစ်ကို ကူးပြောင်းခြင်းကြောင့် ပြောင်းလည်စည်းကွင်းပြတ်ပြီးပစ်ခတ်သူများဒဏ်ရာရရှိစေနိူင်သလို အောက်ခံခုံတိမ်းစောင်းပြီးအပစ်လမ်းကြောင်းလွှဲချော်နိူင်ပါသည်။

၈၁ မမ ပစ်ခတ်မှုလူပ်ရှားမူ့အနေအထားတွင် ပစ်ခတ်မည့်ဗုံးသီးဒလက် (spin) အောက်မျက်နှာအလယ် ပို့ကျည် (primer) တပ်ဆင်ပေးထားသည့်အတွက် ပြောင်းဝက အရှိန်နဲ့လျောဆင်းလာတဲ့ဗုံးသီးရဲ့ပို့ကျည် ငရဲနားခွက်မှ ပြောင်းရင်းမှာတပ်ဆင်ထားတဲ့ကျည်ရိုက်တံနဲ့ရိုက်မိပေါက်ကွဲပြီး ထိုမှတစ်ဆင့် ပေါက်ကွဲမူ့တွန်းအားဖြစ်ပေါ်ပြီး ပြောင်းရင်းတွင်ပိတ်မိနေသောယမ်းခိုး၊ယမ်းငွေ့အားနှင့် ဗုံးသီးကိုပြောင်းဝမှတဆင့် လေထဲကို ပြန်လည်တွန်းလွှတ်သောပုံစံဖြစ်ပါသည်။

ဗုံးသီးတွေ၏ ဒလက်အပေါ်ပိုင်း(သို့)ဒလက်များကြားထဲတွင် ထပ်ပိုး(သို့)အားမြှင့်ယမ်း (propellant increments) ထုတ် (၄) ထုတ်ပါရှိပြီး အကွာအဝေးအလိုက် လိုအပ်သလို တပ်ဆင်ခြင်း၊ လျော့ခြင်းများပြုလုပ်ပစ်ခတ်ရပါသည်။

ပစ်ရှာခြင်းအမျိူးအစားများအနေနဲ့ အကွာအဝေးတဆင့်စီတင်ပြီးပစ်ခတ်ရတဲ့ အဆင့်(step)စနစ်၊ ပစ်မှတ် ဘယ်/ညာ ၊ ရှေ့/နောက် ဂွင်းဖမ်းပစ်ခတ်သော(bracket)စနစ်များအသုံးပြုနိူင်ပါသည်။

၈၁ မမအား ခွင်းကျည် (High Explosive) နဲ့ပစ်ခတ်မည်ဆိုပါက ၈၃ မှ ၅၀၀၈ မီတာအကွာအဝေးအထိပစ်ခတ်နိူင်ပြီး ၊ ထိရောက်မူ့ အချင်း ၄၀ မီတာရှိကာ၊ ဗုံးသီးအလေးချိန် (၄.၅)ကီလိုဂရမ်ရှိပါသည်။ လင်းကျည် (illuminated ) နဲ့အလင်းရောင်ပေးပစ်ခတ်မည်ဆိုပါက ၃၀၀ မှ ၅၁၀၀ မီတာ အကွာအဝေးအထိပစ်ခတ်နိူင်ပြီး၊ မီတာ ၁၂၀၀ အချင်းကို ဖယောင်းတိုင် ၆ သိန်းအား အလင်းရောင် တစ်မိနစ်ပေးစွမ်းနိူင်ပါသည်။အလေးချိန်(၄.၁)ကီလိုဂရမ်ရှိပါသည်။ မိူင်းကျည် (smoke) နဲ့ မိူင်းကာချပစ်ခတ်မည်ဆိုပါက ၃၀၀ မှ ၄၈၇၅ မီတာ အကွာအဝေးအထိပစ်ခတ်နိူင်ပြီး ၊ ၃၀ မှ ၄၀ မီတာ အကျယ်ကို (၃) မိနစ်ကြာ မိူင်းကာချနိူင်ပါသည်။ အလေးချိန် (၄.၆၃) ကီလိုဂရမ်ရှိပါသည်။

အကြောင်းအမျိူးမျိူးကြောင့်အောက်ခံခုံနှင့် နှစ်ချောင်းထောက်မပါရှိပါကလည်း ပြောင်းထိုင်ဘုအားမြေဝင်ဆောင့်ချပြီး၊ ပြောင်းပိုက်၍ အရေးပေါ်ပစ်ခတ်နိူင်သည်။

ပြောင်းအလျား- ၃ ပေ ၊ ၉.၃ လက်မ ပြောင်းအလေးချိန် - ၄၇ ပေါင် နှစ်ချောင်းထောက်- ၃၉.၇ ပေါင် အောက်ခံခုံ - ၄၄ .၁၅ ပေါင် ပြောင်းအချင်း- ၈၁ မီလီမီတာ နိမ့်/မြင့် - ၄၀° မှ ၉၀° ဘယ်/ညာ - ၈.၃ံ ပစ်နှုန်း- ၁ မိနစ် ၁၈ တောင့်


© MMXXIII Rich X Search. We shall prevail. All rights reserved. Rich X Search